MangoWings
MANGOWINGS TRAVEL GUIDE

ပထမဆုံးပြည်ပခရီးအတွက် လေဆိပ်မသွားခင် ဒါတွေဖတ်ပါ။

အလည် သို့မဟုတ် ကျောင်းနဲ့ ထိုင်း၊ မလေးရှား၊ စင်္ကာပူသွားမယ့်သူတွေအတွက် ပြင်ဆင်စရာတွေနဲ့ ရန်ကုန်လေဆိပ် ထွက်ခွာလမ်းကြောင်းကို တစ်နေရာတည်းမှာ ဖတ်နိုင်ပါတယ်။

လမ်းညွှန် ဖတ်မယ်

ကိုယ့်ခရီးအတွက် ဖတ်ကြည့်ပါ

သွားမယ့်ရည်ရွယ်ချက်နဲ့ နိုင်ငံကို ရွေးပြီး လိုအပ်တဲ့အချက်တွေကို ဖတ်နိုင်ပါတယ်။

ဘာနဲ့ သွားမလဲ?
အလည်
ဘယ်နိုင်ငံလဲ?
ထိုင်း

မြန်မာ Passport ကိုင်သူအတွက် အခြေခံလမ်းညွှန်ပါ။ လေကြောင်းလိုင်း၊ ထွက်ခွာရေးနှင့် ဝင်ခွင့်စည်းကမ်းများကို ခရီးမထွက်မီ ပြန်စစ်ပါ။

အလည် · ထိုင်းနိုင်ငံ

ထိုင်းကို အလည်သွားဖို့

ဗီဇာမလိုဘဲနိုင်ငံတကာလေဆိပ်က ဝင်ရင် ၁၄ ရက်အထိ
TR visa၆၀ ရက်အထိ နေလိုလျှင် ကြိုလျှောက်ထားရန်
  • Passport သက်တမ်း၊ အမည်၊ flight နှင့် တည်းခိုမည့်နေရာကို ကိုက်ညီအောင် ပြင်ထားပါ။ အသွား/အပြန် လက်မှတ်နှင့် Hotel Booking ကိုလည်း အဆင်သင့်ထားပါ။
  • TDAC ကို ထိုင်းရောက်မည့်နေ့အပါအဝင် ၃ ရက်အတွင်း တရားဝင် site မှာ အခမဲ့ ဖြည့်ပါ။ TDAC သည် visa မဟုတ်ပါ။
  • Show Money ပြင်ဆင်ရန် — ฿20,000။ ဤပမာဏသည် MangoWings ပြင်ဆင်ရေးအကြံပြုချက်ဖြစ်ပြီး ဝင်ခွင့်အာမခံချက် မဟုတ်ပါ။
01 / BEFORE YOU GO

လက်မှတ်ဝယ်ပြီးတာနဲ့ ဖတ်ရန်

လေယာဉ်လက်မှတ်

Booking confirmation ကို ဖွင့်ပြီး အချက်အလက်တွေ တိုက်စစ်ပါ။

ခရီးသည်နာမည်က Passport နဲ့ တူမတူ စစ်ပါ
အသွား၊ အပြန်ရက်နဲ့ လေယာဉ်ချိန် မှန်မမှန် စစ်ပါ
အသွားရက်၊ လေယာဉ်ချိန်နဲ့ ကျောင်းတက်မယ့်ရက် ကိုက်ညီပါစေ
ဘန်ကောက်သွားမယ်ဆို ဆင်းမယ့် BKK / DMK လေဆိပ်ကို သိထားပါ
ဆိုက်ရောက်မယ့် လေဆိပ်အမည်ကို သိထားပါ
Booking နံပါတ်အပြင် e-ticket ထုတ်ပြီးကြောင်း စစ်ပါ
Booking နဲ့ e-ticket ဘာကွာလဲ?

Booking/PNR က reservation ကို ရှာဖို့ သုံးတဲ့နံပါတ်ပါ။ e-ticket number က လက်မှတ်ထုတ်ပြီးကြောင်း စစ်ဖို့ အရေးကြီးပါတယ်။ မတွေ့ရင် ဝယ်ယူခဲ့တဲ့နေရာ သို့မဟုတ် လေကြောင်းလိုင်းကို မေးပါ။

Passport နဲ့ ဝင်ခွင့်

ဒီအပိုင်းကို လက်မှတ်ဝယ်ပြီးတာနဲ့ စစ်ပါ။ ပြင်ဆင်ဖို့ အချိန်လိုနိုင်ပါတယ်။

Passport သက်တမ်းကို စစ်ပါ
ကိုယ့် Passport၊ ဝင်မယ့်နေရာ၊ နေမယ့်ရက်နဲ့ visa / ဝင်ခွင့်အခြေအနေ ကိုက်ညီမညီ စစ်ပါ
မြန်မာ Passport ကိုင်သူအတွက်

ကိုယ့် Passport အမျိုးအစားနဲ့ ဝင်မယ့်ပုံစံအလိုက် ဗီဇာလို/မလို၊ နေခွင့်ရက်နဲ့ ခရီးရက် ကိုက်ညီလား စစ်ပါ။ စည်းကမ်းပြောင်းနိုင်တဲ့အတွက် ခရီးမထွက်မီ လေကြောင်းလိုင်းနဲ့ သက်ဆိုင်ရာအဖွဲ့အစည်းထံ အတည်ပြုပါ။

တည်းခိုမှုနဲ့ အထောက်အထား

Flight နဲ့ တည်းခိုမယ့်ရက်တွေ တစ်ခုနဲ့တစ်ခု ကိုက်ဖို့ လိုပါတယ်။

Hotel Booking ရက်တွေက Flight ရက်တွေနဲ့ ကိုက်မကိုက် စစ်ပါ
Hotel နာမည်နဲ့ လိပ်စာကို အလွယ်တကူ ထုတ်ပြနိုင်အောင်ထားပါ
ခရီးအတွက် လိုအပ်နိုင်တဲ့ စာရွက်စာတမ်းနဲ့ ငွေကြေးအထောက်အထားတွေ စုထားပါ

TDAC ကို သတိရပါ

Thailand Digital Arrival Card ကို ထိုင်းရောက်မယ့်နေ့အပါအဝင် ၃ ရက်အတွင်း ဖြည့်ရပါတယ်။ အခမဲ့ဖြစ်ပြီး visa မဟုတ်ပါ။

TDAC တရားဝင်ဝက်ဘ်ဆိုက်တွင် ဖြည့်ရန် ↗
တရားဝင် site မှာ TDAC ဖြည့်ပါ
TDAC ထဲက Passport၊ Flight၊ တည်းခိုလိပ်စာ မှန်မမှန် ပြန်စစ်ပါ